လူ ၅၀ လိုက်ပါသွားတဲ့ ရုရှားခရီးသည်တင်လေယာဉ် ပျောက်ဆုံး


ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ လူ ၅၀ လိုက်ပါသွားတဲ့ An-24 ခရီးသည်တင်လေယာဉ်တစင်းဟာ ရုရှားအရှေ့ဖျားပိုင်းမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို တာဝန်ရှိသူတွေကပြောပါတယ်။
Angara လေကြောင်းလိုင်းရဲ့ ဒီလေယာဉ်ဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အမ်မာ ဒေသက Tynda မြို့ကို ချဉ်းကပ်နေစဉ် ရေဒါကနေ ပျောက်သွားကြောင်းနှင့် လေးယာဉ်ပေါ်မှာ ကလေး ငါးယောက်အပါအဝင် ခရီးသည် ၄၃ ယောက်နဲ့ လေယာဉ်အမှုထမ်း ခြောက်ယောက် ပါဝင်နေတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ကနဦးအချက်အလက်တွေအရ ပြောဆိုပါတယ်။
လေယာဉ်ကိုရှာဖွေဖို့ လိုအပ်တဲ့ အဖွဲ့တွေနဲ့ နည်းလမ်းတွေကို အသုံးပြုနေပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးတွေ အပူတပြင်း စေလွှတ်ထားပြီဖြစ်ကြောင်း သိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *