လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နံနက် ၈ နာရီခွဲခန့်က လယ်ဝေးမြိုနယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေး ရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင် စဉ်အေးရွာဘက်သို စောနေပိုင်(ခ)နေပိုင် မောင်းလာသော LAND CRUSIER ကားနှင့် ချစ်နိုင်ထွေး (ခ)မိုးဒီ မောင်းလာသော ALPHARD ကားတိုအား တားဆီးစစ်ဆေးခဲ့ရာ ကား(၂)စီးပေါ်မှ ငွေကျပ်(၁ ဒသမ ၆)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ(၆၇ ဒသမ ၃၃)ကီလိုအားဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဘိန်းဖြူများအားလက်ခံ၍ မန္တလေးသို့တာဝန်ခံသယ်ဆောင်သူ သိန်းမြင့်(ခ)သိန်းဟန်အား ဇူလိုင် ၁၂ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။#crd

