ဘုရား၊ ကျောင်းကန်များဟာ သောင်းကျန်းသူများအတွက် ခံစစ်စခန်းဖြစ်နေပြီလား

တပ်မတော်စစ်ကြောင်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်နှင့် ၎င်းဒေသများအား အကြမ်းဖက် သောင်းကျန်းသူများလက်မှ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ယခုလို သိမ်းပိုက်ထိန်းချုပ်ခဲ့ မှတ်တမ်းဓာတ်ပုံတွေကို ကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူများဟာ ဗုဒ္ဓဘာသာကို ဖိနှိပ်ဖို့နဲ့ ဖျက်ဆီးဖို့ စိတ်ဆန္ဒတွေရှိနေသလားအောက်မေ့ရတယ်။ ၎င်းတို့နေထိုင်နေခဲ့ကြတဲ့ နေရာတွေကို ကြည့်ရင် ဘုန်ကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးဝန်းအတွင်းတွေမှာပဲ အများဆုံးနေထိုင်ကြတာကို တွေ့မြင်ရပါတယ်။ အကြမ်းဖက်သမားများက ဘုရားစေတီပုထိုးများနဲ့ ကျောင်းကန်ပရဝန်အတွင်းမှာ စစ်စခန်းများဘန်ကာများတည်ဆောက် နေထိုင်ခဲ့ကြတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *