အမေရိကန်သမ္မတကြီးရဲ့ အခွန်တိုးကောက်ဖို့ပေးပို့တဲ့စာကို နစကဥက္ကဋ္ဌရဲ့ ပြန်စာနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပသံတမန်အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာသတင်းမီဒီယာလောကမှာ ပြန့်နှံ့မှုအားကောင်း နေပါတယ်…
အထူးသဖြင့် နစကဥက္ကဋ္ဌရဲ့ ပြန်ကြားစာဟာ သူ့ရဲ့အစိုးရအဖွဲ့ကို အသိအမှတ်မပြုဘူးလို့ ယူဆခံထားရ တဲ့ အမေရိကန်အစိုးရကို သံတမန်ရေးအရတရားဝင် တုံ့ပြန်တဲ့စာဖြစ်သလို အမေရိကန်က စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး ရှေ့ဆက်ဆောင်ရွက်လိုတဲ့ လုပ်ငန်းစဥ်ကို တင်ပြတောင်းဆိုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်..
ဒါ့အပြင် ဒေါ်နယ်ထရမ့်လည်း ၂၀၂၀ ပြည့်နှစ်က မဲမသမာမှုကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရတဲ့ခံစားချက် တွေ ပြန်လည်နှိုးဆွပြီး နစကအစိုးရဆိုတာ မဲမသမာမှုကြောင့် အခြေခံဥပဒေရဲ့ပေးထားချက်အတိုင်း ပေါ်လာတဲ့အစိုးရဆိုတာကို လိမ္မာပါးနပ်စွာဖော်ပြထားပါတယ်….
ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတကြီးကို ချီးကျူးထားပြီး သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရ တဲ့ နိုင်ငံငယ်လေးကို စာနာထောက်ထားပြီး သက်ညှာပေးဖို့ ဖော်ပြချက်ကလည်း ထိမိလှပါတယ်…
ဖြစ်သင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြန်အလှန်အခွန်နှုန်းထားသတ်မှတ်ချက်တွေကိုလည်း အဆိုပြုထားပြီး မြန်မာကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး ထိတွေ့ဆက်ဆံမှုလုပ်ဖို့ ကမ်းလှမ်းချက်ကလည်း သံတမန်ရေး ပရိယာယ်ကြွယ်ဝလှပါတယ်…
ဒါကြောင့်လည်း နစကဥက္ကဋ္ဌရဲ့ ပြန်ကြားစာဟာ မြန်မာ-အမေရိကန်ဆက်ဆံရေးအတွက် အပေါင်းလက္ခဏာဆောင်ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းတွေဖြစ်ပေါ်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်…
ခင်ညိုချော
