အကြမ်းဖက်သမား ၅ ဦးနှင့်အတူ ထွက်ပြေးတရားခံအား ပြန်လည်ဖမ်းမိ

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော pdf ဇွန်ပွင့်လှိုင် အရေးပေါ် နာမကျန်းဖြစ်၍ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် အကြမ်းဖက်သမားများက ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ပြီး ဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားခဲ့သော​ကြောင့်လုံခြုံရေး အဖွဲ့များလိုက်လံပိတ်ဆို့ စစ်ဆေးခဲ့ရာယနေ့ နံနက်ပိုင်း သန်လျင်မြို့နယ်တွင် ဇွန်ပွင့်လှိုင်နှင့် အကြမ်းဖက်သမား ၅ ဦးကိုလက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်ဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။
Vox

Leave a Reply

Your email address will not be published. Required fields are marked *