ဇွန်လ ၂၂ ရက် မြင်းမူမြို့နယ်၊ အလကပ္ပကျေးရွာဝန်းကျင် အကြမ်းဖက် PDF များရောက်ရှိနေကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာသည့်အတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများမှ သွားရောက်ရှင်းလင်း ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာသွားပြေးသွား။ ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း။
(၂) အမ်အေ-၁ သေနတ် ၁ လက်။
(၃) ကျည်အိမ် ၂ ခု။
(၄) ၅.၅၆ မမ ကျည် ၆၃ တောင့်။
(၅) အမ်-၂၂ ကျည် ၁၁ တောင့်။
(၆) PDF ဘတ်တံဆိပ်ပါ ဦးထုပ် ၁ လုံး တို့အားသိမ်းဆည်းရမိခဲ့။


