တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်တပ်ကို ဝေဖန်ရှုတ်ချပြီး ရန်ဘက်နိုင်ငံကို အတင်းပြောခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖုန်းပြောဆိုမှုပေါက်ကြားခဲ့ပြီး ထိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုကို ပေထုံတန် အပြင်းအထန်ခံနေရပါတယ်…
နိုင်ငံရေးသမားတွေက စစ်တပ်ကို အကောင်းမမြင်ပဲ ရန်သူလို သဘောထားခဲ့လို့ မြန်မာနိုင်ငံမှာလည်း ဒီနေ့ဒီလို အခြေအနေတွေ ပေါ်ပေါက်နေတယ်ဆိုတာ သင်ခန်းစာ ရယူသင့်ပါတယ်…
ပေထုံတန်ကတော့ သူ့ရဲ့ အမှားအတွက် ဝန်ချတောင်းပန်ခဲ့ပေမဲ့ မြန်မာနိုင်ငံက စစ်တပ်ကို စော်ကား၊ ဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားတွေကတော့ မိုက်တွင်းနက်ဆဲဖြစ်ပါတယ်…
နိုင်ငံရေး ရေချိန်မြင့်တဲ့ ထိုင်းနိုင်ငံရေးသမားတွေကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်ပေမဲ့ တိုင်းပြည်ပျက်စီးဆုံးရှုံးမှု မဖြစ်တာ သင်ခန်းစာရယူသင့်ပါတယ်….
နိုင်ငံရေး ရေချိန် နိမ့်ပါးတဲ့ နိုင်ငံရေးသမား ဝဲစားတွေများပြီး ပညာရည်နိမ့်ပါးတဲ့ ပြည်သူအများကြောင့် မြန်မာနိုင်ငံ ပျက်စီးဆုံးရှုံးမှု ကြီးမားနေရတာတော့ ရင်နင့်စရာ အလွန် ကောင်းပါတယ်…
ခင်ညိုချော


