(၁၇-၆-၂၀၂၅ မှ ၂၀-၆-၂၀၂၅)ရက်တို့တွင် လူမှုကွန်ရက်ပေါ်၌ တွေ့ရှိရသည့် NUG ဘက်တော်သားများ၏ ‌သေဆုံးမှုများ

🚨 ပုံ (၁) ဇွန်လ ၁၇ ရက်တွင် မိုးဗြဲတိုက်ပွဲ၌ Loikaw Local PDF Alpha 2 တပ်ရင်းရဲ့ တပ်စုမှူးဖြစ်သူ(အသက် ၂၇ နှစ် အရွယ်) ရဲဘော် ကျော်ထက် (ခ) ထက်ကြီး ကျဆုံးခဲ့ပြီး Loikaw Local PDF အဖွဲ့တွင် ၂၀၂၅ ခုနှစ်အတွင်း ရဲဘော် ၅ ဦးကျဆုံးခဲ့သည့်အပြင် ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ဖျက်မီဒီယာများမှ ဖော်ပြခဲ့။

🚨 ပုံ (၂) ဇွန်လ ၁၆ ရက်တွင် စကစရဲ့ ထိုးစစ်အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် PDF ၁ ဦးကျဆုံးခဲ့လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်တွင် ရင်ဖွင့်လာတဲ့ PDF ၁ ဦး။

🚨 ပုံ (၃) ကရင်နီပြည်၊ ဘောလခဲမြို့ရဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် စကစရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရပြီး ဇွန်လ ၁၆ ရက်တွင် ရှေ့တန်းထောက်ပို့ရဲဘော် အီညားရှိုဘျားရယ် ကျဆုံးခဲ့ရပြီး ဇွန်လ ၁၈ ရက်တွင် အလောင်းမြေချ။

🚨 ပုံ (၄) ဇွန်လ ၁၆ ရက်၌ ကျွဲချိုတပ်ခွဲမှ ကျွဲချိုထောက်ပို့ရဲဘော် ဥက္ကာထွန်း (အသက်-၁၈ နှစ်အရွယ်)၁ ဦး မိုးဗြဲတိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ဆေးကုသရန် ဆေးဝါးများမလုံလောက်သလောက် ရှေ့တန်းတစ်နေရာတွင် သေဆုံး။

🚨 ပုံ (၅) ရှေ့တန်းတစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဆုတ်ခွာထွက်ပြေးစဉ် ရဲဘော်အချင်းချင်း အကာအကွယ် မပေးနိုင်ဘဲ ရဲဘော် ၁ ဦးကျဆုံးခဲ့လို့ ယူကြုံးမရဖြစ်နေတဲ့ PDF ၁ ဦး။

🚨 ပုံ (၆) မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးပြောက်ကျားတပ်(YGF)မှ ဖွင့်လှစ်သင်ကြားနေသည့် အခြေခံစစ်သင်တန်းအမှတ်စဉ် (၂) တွင် နည်းပြဆရာမှ သင်တန်းသားများအား လူသားမဆန်သော လေ့ကျင့်မှုများ ခိုင်းစေခြင်း၊ အမျိုးမျိုးသော ပြစ်ဒဏ် ပေးမှုနှင့် နှိပ်စက်ညှင်းပန်းမှုများ လုပ်ဆောင်ခဲ့ရာမှ လက်လွန်၍ ရဲဘော် ဘထစ်နဲ့ ဒိုင်နိုဖြစ်သူတို့ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရေးပြောက်ကျားတပ်နှင့် နီးစပ်သူများထံမှ သိရှိရ။

🚨 ပုံ (၇) ဇွန်လ ၁၇ ရက်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင်စခန်းသိမ်းတိုက်ပွဲတွင် စကစမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းမှ ၂၅ နှစ်အရွယ် တပ်ဖွဲ့ဝင် ထိုက်ကြီး၊ ၁၈ နှစ်အရွယ် ချစ်ဇော်ဖြိုးနဲ့ ၂၇ နှစ်အရွယ် ဂျိမ်းမောင်တို့ ကျဆုံးခဲ့ပြီး ဇွန်လ ၁၈ ရက်တွင် အကုန်လုံးသင်္ဂြိုလ်ပြီးခဲ့။

🚨 ပုံ (၈) ဇွန်လ ၁၆ ရက်၌ ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗျူဟာ(၂)၊ ဗျူဟာတပ်ခွဲ(၁)မှ ရဲဘော် ငါးလော်နဲ့ ဗျူဟာ(၂)၊ လင်းယုန်တိုက်ခိုက်ရေးတပ်ခွဲမှ ရဲဘော် မဲလုံးတို့ ၂ ဦး ထိတွေ့တိုက်ပွဲဖြစ်ရင်း သေဆုံးခဲ့ကြောင်း ကလလတမှ ဇွန်လ ၁၉ ရက်ထုတ်ပြန်ကြေညာခဲ့။

🚨 ပုံ (၉) ဇွန်လ ၁၉ ရက်၌ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ ကျားသစ်နက်တပ်မတော် (BLPA)မှ တပ်မစုမှူး ကျော်မျိုးသူ(ခ)ကျော်ကြီး ထိတွေ့ဖြစ်ပြားရာမှ ကျည်ထိမှန် သေဆုံးခဲ့။

🚨 ပုံ(၁၀) ဇွန်လ ၁၆ ရက်တွင် KNDF မှ ရဲဘော် ဈာန်မြန်သက် ရှေ့တန်းတစ်နေရာတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပြင်းထန်သည့်ဒဏ်ရာများစွာရရှိခဲ့ခြင်း၊ တပ်ဖွဲ့အနေနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရသောကြောင့် ဈာန်မြန်သက်ရဲ့ အလောင်းအား ကောက်ယူနိုင်ခြင်းမရှိခဲ့။ -၎င်းတို့ကိုယ်တိုင်ဖော်ပြထားသည့် သတင်းများအရ အကြမ်းဖက်သမား (၁၈) ဦး သေဆုံးကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *