ဧပြီ ၂၈ ရက် တနင်္လာနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အီရန်တောင်ပိုင်း port blast ဆိပ်ကမ်းရှိ အမိုနီယမ်နိုက်ထရိတ် တန် ၁၀၀၀ သိုလှောင်ထားသော တရုပ်ပိုင်ဂိုဒေါင် မီးလောင်ပေါက်ကွဲ၍ လူ ၈ ဦးသေ ၅၀ ကျော် ဒဏ်ရာရသည် ။

-ပုတ်ရဟန်းမင်းစျာပနသို့တက်လာသော ထရန့် နှင့် ဇာလမ်းစကီး တို့ ဗာတီကန်တွင် ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး အကျိုးရှိခဲ့ကြောင်း အိမ်ဖြူတော်ကထုတ်ပြန်သည် ။

-ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ် က ဟားမတ်စ် များကို ” ခွေးသား ” များဟုဆဲဆိုလိုက်ပြီး ၎င်းတို့ဖမ်းထားသောအစ္စရေးဒါးစာခံများကြောင့် ပါလက်စတိုင်းပြည်သူတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရသည်ဟုဆိုသည် ။

-ဘင်္ဂလားဒက် ကို ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၈၅၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး ဆိပ်ကမ်းတိုးချဲ့ရေး ၊ အလုပ်အကိုင်ရရှိရေး ၊ စီးပွားရေးတိုးတက်မှု့တို့အတွက်သုံးမည်ဟု သိရသည် ။

-စင်ကာပူ မှ မြန်မာ့ငလျင်အတွက် စင်ကာပူဒေါ်လာ ၆ သိန်းထပ်မံကူညီမည်ဖြစ်ပြီး ထိုင်း မှ တတိယအသုတ်အဖြစ် ဆေးအဖွဲ့ဝင် ၃၀ စေလွှတ်ခဲ့သည် ။

-သဘာဝဘေးကြိုတင်ကာကွယ်ရေး အပလီကေးရှင်းအသစ်အား ထိုင်း တွင် ဖုံးအော်ပရေတာ ၃ ခုမှစတင်စမ်းသပ်မည်ဖြစ်သည် ။

ပြည်တွင်းထူးခြားသတင်းများ

-KNPP သိမ်းထားသော မော်ချီး မိုင်းတွင်း ဗုံးကြဲခံရ၍ တရုတ်ကုမ္ပဏီဝန်ထမ်း ၁ ဦးအပါအဝင် သူပုန်များသေဆုံးသည် ။

-ထိုင်းမြန်မာနယ်စပ်၌ ခိုးဝင်မြန်မာ ၁၉ ဦးထိုင်းရဲကဖမ်းမိသည် ။

Leave a Reply

Your email address will not be published. Required fields are marked *