ရုပ်ရှင်သရုပ်ဆောင်သင်တန်းသားများ လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇွန်လအတွင်းဖွင့်လှစ်မည့် ရုပ်ရှင်သရုပ်ဆောင်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)အတွက် ဝင်ခွင့်လျှောက်လွှာများ စတင်ခေါ်ယူထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌထံမှ သိရပါတယ်။

အဆိုပါ ရုပ်ရှင်သရုပ်ဆောင်သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံများ ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် မေလ ၂၆ ရက်မှစတင်ကာ ဇွန်လ ၆ ရက်ထိ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ရုပ်ရှင်သရုပ်ဆောင်သင်တန်းများကို ၁၉၅၆ ခုနှစ်က စတင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ ထူးချွန်ထင်ရှားသည့် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်များသာမက ရုပ်ရှင်ဒါရိုက်တာများ ကို လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *