ဧပြီလ ၁ ရက်မှ ၃၀ ရက်အတွင်း ရန်သူ့ထံမှ ရရှိတဲ့ အကျိုးအမြတ်အနေနဲ့ကတော့ ရန်သူ့အလောင်း ၄၆၈ လောင်း၊ လက်နက်မျိုးစုံ ၆၈ လက်၊ အလင်းဝင် ၁၀ ဦးရှိခဲ့ပြီး ယခုဖော်ပြပါ အရေအတွက်များသည် မိမိလက်ဝယ်မှာ ရရှိခဲ့တဲ့ အလောင်း/လက်နက်များသာ ဖြစ်ပါတယ်။ ဗုံးဒဏ်ကြောင့် တစ်စဆီဖြစ်၊ သူပုန် ပြန်ဆွဲသွားတဲ့ အလောင်းတွေ မပါဝင်ပါ။
ဧပြီလကတော့ အပစ်ရပ်ဆဲကာလဖြစ်တဲ့အတွက် ရန်သူ့အလောင်း/လက်နက် ရရှိမှုနည်းပါးပြီး ရရှိတဲ့ အလောင်း/လက်နက်များမှာလည်း မိမိစစ်ကြောင်း/စခန်းတွေကို သွေးတိုးစမ်းလာသည့် သူပုန်များအား ချေမှုန်းခြင်းသာ ဖြစ်ပါတယ်။
ထူးခြားမှုအနေနဲ့ ရန်သူ့စခန်းကုန်း သိမ်းပိုက်ရရှိဖြစ်စဉ်များမှာ တောင်ခမ်း/နောင်ချိုဒေသများသာဖြစ်ပြီး ဧပြီ ၁ လ အတွင်းမှာ အကြမ်းဖက် TNLA စခန်းကုန်း (၈)ကုန်း၊ အလောင်း (၃၄)လောင်း ရရှိခဲ့ပါတယ်။ တောင်ခမ်းဖိုက်တာတွေ အနေနဲ့ ကိုယ့်ကိုလာတိုက်တဲ့ရန်သူကို သူ့စခန်းအထိ လိုက်လံချေမှုန်းနိုင်ခဲ့တာ တွေ့ရှိရပါတယ်။
ဗန်းမော် ဒုတိယအကြိမ် တိုက်ပွဲကတော့ မူးယစ်ဆေးစားထားတဲ့ ရန်သူ့အလောင်း ၁၄၁ လောင်းရရှိပြီး ထူးခြားတာကတော့ အရင်ဗန်းမော်တိုက်ပွဲလို ဗမာ PDF တွေ မပါသလောက်နည်းသွားပြီး မြောက်ပိုင်းက ဆင်းလာတဲ့ KIA တွေသာ သေဆုံးမှု များပြားနေတာတွေ့ရပါတယ်။
စစ်ကိုင်းက ဗမာ PDF တွေ အနေနဲ့ အမြင်မှန်တွေရပြီး ကချင်သူပုန် KIA နဲ့ ပေါင်းပြီး မတိုက်လို့ ဝမ်းသာပါတယ်။
ဗမာတွေအချင်းချင်းမို့ အလင်းဝင်ပါက အပြည့်အဝကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဖော်ပြအပ်ပါတယ်။

