မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မေလ ၂၄ ရက် ညနေ ၅ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်မြေသာစံမြို့နယ် ၊ ၈၆ လမ်း၊ ၉ လမ်း နှင့် ၁၁ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် သတင်းရရှိသဖြင့် သက်ဆိုင်ရာမီးသတ်ဌာနများမှ မီးငြိမ်းသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်မှုအား   ညနေ ၅ နာရီ ၂၀ မိနစ် အချိန် မီးထိန်းနိုင်ပြီး ညနေ ၅ နာရီ ၃၀ မိနစ် အချိန် မီးငြိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *