အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်လာခဲ့တဲ့ လုပ်ရပ်များ

(၁) ဗန်းမော်

ဧပြီ ၂၅ ရက်နေ့တွင် အကြမ်းဖက် KIA/PDF အဖွဲ့က ဗန်းမော်ဒေသမှာရှိတဲ့ တပ်ဌာနချုပ်နေရာများ၊ လခရစခန်းနေရာများအား အင်အား ၆၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗန်းမော်မှ တပ်မတော်သားများက အောင်စိတ်အပြည့်နဲ့ တန်ပြန်တိုက်ခိုက်မှု၊ Drone/လေကြောင်း ပစ်ကူများ၏ ထိရောက်မှုများကြောင့် ရန်သူမှာ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာထွက်ပြေးကြသည်။ ပြည်ဖျက်မီဒီယာတွေမှာ တင်ထားသလို ဗန်းမော်ဒေသ က လခရစခန်း တစ်ခုတလေမှ ကျသွားခြင်းမရှိပါ။ ရန်သူ့အလောင်းတွေသာ ပုံပြီး ကျန်ရစ်ခဲ့ပါသည်။ ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက် ၁၆ လက် လက်ဝယ်သိမ်းပိုက်ရရှိကာ မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

(၂) မြစ်ကြီးနား

ဧပြီ ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက် KIA အဖွဲ့က ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ်အချို့နဲ့ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အပြစ်မဲ့ ကလေးငယ် ၁ ဦး သေဆုံး ခဲ့ပါသည်။

(၃) တောင်ခမ်း
ဧပြီ ၂၅ ရက်နေ့တွင် တောင်ခမ်းဒေသနှင့် နောင်ချိုမြို့အစပ် လခရစခန်းအား အကြမ်းဖက် TNLA အဖွဲ့က လာရောက် တိုက်ခိုက်လို့ ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး MA-1 သေနတ် ၁ လက် ရန်သူ့နောက်ပါ ဆုံးရှုံးခဲ့ကာ ရန်သူ့ထံမှ –
(၁) TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၈ ခု၊ ကျည် ၄၀၀ ခန့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး
(၅) ကျည်ကာ ၁ ထည်၊ အီကွေ့မန့် ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

(၄) ဘောလခဲ
ဧပြီ ၂၅ ရက် နေ့လည်ပိုင်းအချိန်က ဘောလခဲဒေသရှိ လခရစခန်းအား အကြမ်းဖက် KNPP/KNDF ၂၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNPP/KNDF ၁ လောင်း
(၂) သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၁၀ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

(၅) သပိတ်ကျင်း
ဧပြီ ၂၅ ရက် ညပိုင်းအချိန်က သပိတ်ကျင်းဒေသရှိ လခရစခန်းတစ်ခုအား အကြမ်းဖက် TNLA/PDF ၁၅ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။

လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။

Leave a Reply

Your email address will not be published. Required fields are marked *