နိုင်ငံတကာထူးခြားသတင်းများ
-သေနတ်သမားတစ်ဦး၏ပစ်ခတ်မှု့ကြောင့် သြစတေးလျနိုင်ငံ Graz မြို့အထက်တန်းကျောင်းတွင် ကျောင်းသား ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ပစ်ခတ်သူလည်းသေဆုံးခဲ့ကာ ဘာကြောင့်ပစ်ခတ်မှန်း မသိရသေးချေ ။
-ဘင်္ဂလီများနေရပ်ပြန်ရန် AA နှင့်ညှိနှိုင်းရမည်ဟု ကုလဆိုင်ရာ ကန်ကိုယ်စားလှယ် ဂျိုနသန်ရှယ်ရီ က ပြောသည် ။
-ထိုင်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်တပ်စွဲထားသော ကေမ္ဘာဒီးယားတပ်များ၏ လှုပ်ရှားမှု့ကို ဒရုန်းဖြင့်ရိုက်ကူး၍ ထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့သည် ။
ပြည်တွင်းထူးခြားသတင်းများ
-ကျောက်ဖြူ ၊ ဖယ်ခုံ ၊ ပုလဲနယ်ကန်ဒေါင့် ၊ ဖားကန့် ၊ တီးတိန် ၊ ပေါင်းတည်မြို့နယ် ညောင်နီပင်ရွာ တို့တွင် တိုက်ပွဲများပြင်းထန်နေသည် ။
-မှော်ဘီ ဝါးနက်ချောင်း ကားလမ်းဘေး လက်လုပ်ဗုံးပေါက်ကွဲ၍ ဖယ်ရီတစ်စီးထိမှန်ကာ အထည်ချုပ်ဝန်ထမ်း မ ၉ ဦး ကျား ၁ ဦး ဒဏ်ရာရသည် ။
-ရန်ကုန်မှ ထားဝယ်သို့ကုန်ပစ္စည်းတင်ထွက်ခွာလာသော စွမ်းသိဒ္ဒိစက်လှေကို PDF လှေ ၅ စင်းက ရပ်တံ့ခိုင်းပြီး ဆန်အိပ် ၁၀၀ နှင့် ဘီယာဖာ ၁၀၀ ဒါမြတိုက်သွားသည်။
