PDF အကြမ်းဖက်အုပ်စုက အရပ်သားကားတစ်စီးကို သေနတ်နဲ့ပစ်ခတ်၍ ငွေများလုယက်ယူ‌ဆောင်

NUG၊ CRPH အကြမ်းဖက်သမားအုပ်စုက လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်မှာ ခရီးသွား အရပ်သားမော်တော်ယာဉ် ၁ စီးကို သေနတ်နဲ့ပစ်ပြီး ဓါးပြတိုက်ခဲ့တာကြောင့် ယာဥ်မောင်းဖြစ်သူ ဒဏ်ရာရရှိခဲ့တဲ့အပြင် ငွေကျပ်သိန်းတစ်ရာကျော်လည်း လုယူခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ဧပြီလ ၁၂ ရက်၊ မနက် ၈ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့၊ ခေါဥခူရပ်ကွက်မှာနေထိုင်တဲ့ ဦးအတင့် ဆိုသူဟာ ဇနီးဖြစ်သူနဲ့အတူ ကုန်ပစ္စည်းဝယ်ဖို့ လွိုင်ကော်မြို့ကနေ တောင်ကြီးမြို့ကို မော်တော်ယာဉ်နဲ့ထွက်ခွာလာစဥ် ကျောက်ကြီး (မြောက်)ကျေးရွာနဲ့ ကုန်းဆွယ်ကျေးရွာကြားအရောက်မှာ အကြမ်းဖက်သမားတွေရဲ့ ဓါးပြတိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဦးအတင့် ဆိုသူကိုလည်း အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *