မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များအပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင် နှင့် ငြိမ်းချမ်းရေးသံတမန်ဖြစ်သူ Gurudev Sri Sri Ravi Shankar တို့ ဧပြီ ၁၂ ရက်က ဖုန်းအဆက်အသွယ် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဖုန်းဆက်သွယ်မှုအတွင်း ငြိမ်းချမ်းရေးသံတမန်ဖြစ်သူ Gurudev Sri Sri Ravi Shankar က မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ မန္တေလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့်ထပ်တူဝမ်းနည်းရပါကြောင်း/ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ Gurudev Sri Sri Ravi Shankar အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
