နုကြည်အတွက် လူရာမဝင်တဲ့ပွဲ

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ တွမ် ဖလက်ချာ (Tom Fletcher) ဦးဆောင်တဲ့အဖွဲ့ဟာ ၅.၄.၂၀၂၅ ရက်နေ့မှာ ငလျင်ဘေးသင့်တဲ့နေရာ မန္တလေးမြို့ဆီ ရောက်လာခဲ့ပါပြီ။

မြန်မာ့ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ ယခုအချိန်အထိ လှူဒါန်းရန် ကတိပြုငွေ အမေရိကန်ဒေါ်လာ (၉၃) သန်း ရရှိထားကြောင်းနဲ့ ကုလသမဂ္ဂ၏ အရေးပေါ်ရံပုံငွေမှ ဒေါ်လာ (၅) သန်း အသုံးပြုသွားမှာ ဖြစ်ကြောင်း တရားဝင် ပြောကြားလိုက်ပါတယ်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ရုရှားနိုင်ငံတွေက အကူအညီပေးခဲ့တာတွေနဲ့ အခု UN ဦးဆောင်ပြီး ထပ်ကူညီမဲ့ ဒေါ်လာ သန်း ၁၀၀ နီးပါးလောက် ရရှိပြီး အကူအညီ များစွာပေးနိုင်တော့မယ်။ နောက်ထပ်လည်း နိုင်ငံတကာ အကူအညီတွေ ထပ်ပြီး ရရှိလာပါစေ။ ငလျင်ကြောင့် ဒုက္ခရောက်ခဲ့တဲ့ မြန်မာပြည်သူတွေအတွက် အရမ်းဝမ်းသာမှု ဖြစ်ခဲ့ရပါတယ်။ ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လည်း နိုင်ငံတကာ အကူအညီတွေ များများ ရရှိကြပါစေ။

အော် … ဒါနဲ့ စဉ်းစားမိတာ တစ်ချက်ရှိလာတယ်။ မြန်မာနိုင်ငံရဲ့ နယ်မြေ ၇၀ ရာခိုင်နှုန်းကျော်ကို သိမ်းယူထိန်းချုပ်ထားတဲ့ လူလိမ်ကျားဖြန့်ဂိုဏ်း နုကြည်အစိုးရကို UN အပါအဝင် နိုင်ငံတကာကရော အကူအညီတွေ မပေးဘူးလားပေါ့။ ထိန်းချုပ်နယ်မြေ ၃၀ ရာခိုင်နှုန်းပဲ ရှိတဲ့ နစက စစ်အစိုးရကိုတော့ ငလျင်ဒဏ်သင့် ပြည်သူတွေ ကူညီဖို့အတွက် ဒေါ်လာ သန်း ၁၀၀ ကျော်တောင် အကူအညီပေးနေတယ်။

ဟော … ထိန်းချုပ်နယ်မြေ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နုကြည်အစိုးရကိုတော့ UN အပါအဝင် အမေရိကန်နဲ့ နိုင်ငံတကာက ဘာအကူအညီမှ ဘာငွေကြေးမှ မပေးကြ မကမ်းကြတာတော့ မတရားဘူးလို့ ထင်ပါတယ်။ အခုတော့ နုကြည်အစိုးရခင်မျာ ဘာစောက်ပိုက်ဆံမှ ခွက်ခေါက်လို့ မရတော့ ငလျင်ဒဏ်သင့်ပြည်သူများကို အကူအညီမပေးနိုင်တော့ကြောင်း တရားဝင် စောက်ရှက်နည်းစွာနဲ့ ဝန်ချတောင်းပန်ပွဲ လုပ်နေရပြီပေါ့။

အော် … မနုကြည် … မနုကြည် … လူလိမ်ဂိုဏ်း လူယုတ်မာတွေ … လက်ရှိပကတိ မြေပြင်မှာ သူတို့အဖွဲ့ကို ကိုယ်စားပြုပေးမယ့်သူတွေ ဘယ်သူမှ မရှိကြဘူးဆိုတာကို … ဒီ စစ်ကိုင်းငလျင်ကြီးက မျက်နှာဖုံး ခွာချပေးလိုက်ပြီပေါ့။ ဆင်းရဲမွဲပြာကျနေတဲ့ လူထုတွေဆီက မတရား လိမ်ညာယူခဲ့တဲ့ငွေတွေ၊ အပူစာတွေကို မရှက်မကြောက် မျိုဆို့ခဲ့ကြ၊ ခိုးယူခဲ့ကြတဲ့ တော်လှန်ရေးသမား အယောင်ဆောင်ထားတဲ့ နိုင်ငံရေးသမား အယောင်ပြထားကြတဲ့ လူယုတ်မာတွေကို တစ်နေ့ကျရင် အကုသိုလ်ငလျင်ကြီးက သမိုင်းမှာ ဝါးမျိုသွားပါလိမ့်မယ်။ သတိသာ ထားကြပေတော့ မနုကြည် လူလိမ်ဂိုဏ်းနဲ့ နီပေါဂိုဏ်းဝင်တွေရေ။

Crd///စန်းစန်းမော် (NLD)
၆.၄.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *