အမြန်လမ်း ၁၆၅ မိုင်အနီးရှိ ဆွာချောင်းတံတားအားပြန်လည်ဖြတ်သန်းသွားလာနိုင်တော့မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင်၁ ဖာလုံနှင့် ၁၆၅ မိုင် ၃ ဖာလုံကြားရှိ ဆွာချောင်းတံတားပေါ်မှ လက်ရှိတွင် ၅ တန်အောက် ယာဉ်များသာ သွားလာနိုင်သေးသော်လည်း မနက်ဖြန် ဧပြီ ၉ ရက်နေ့မှစတင်၍ တန် ၂၀ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွာချောင်းတံတားသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် ထိုခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် ကနဦးစာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၂၃၄ ဦး ရှိကြောင်းလည်း သိရသည်။

mhtnews@myanmarhardtalk

Leave a Reply

Your email address will not be published. Required fields are marked *