အီရန်သမ္မတနှင့်နိုင်ငံခြားရေးဝန်ကြီးတို့စီးနင်းလာသည့် ရဟတ်ယာဉ်ပျက်ကျ

အီရန်သမ္မတ အီဗရာဟင် ရိုင်စီနှင့် သူ့ နိုင်ငံခြားရေးဝန်ကြီးတို့ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စီး မေလ ၁၉ ရက်နေ့က မြူများ ထူထပ်စွာကျဆင်းနေတဲ့ တောင်တွေအပေါ် ဖြတ်သန်းပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်သွားပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့အီရန်သမ္မတ ရိုင်စီဟာ အဇာဘိုင်ဂျန်နယ်စပ်မှာ ဆည်တစ်ခုဖွင့်ပွဲကနေအပြန်မှာ ယခုလိုရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ #Crd