မိုးကုတ်မြို့ထဲက နေအိမ်ဓားပြတိုက်မှုတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေတဲ့ TNLA

တအာင်းလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး  မိုးကုတ်မြို့ထဲက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ရေဦးကြီးရပ်ကွက်မှာ TNLA ယူနီဖောင်းဝတ်ပြီး လက်နက်ကိုယ်စီကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်ခုကို ဓားပြတိုက်ခဲ့ကြတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောပါတယ်။

TNLA ယူနီဖောင်းဝတ်လက်နက်ကိုင်တွေဟာ အိမ်ရှင်ဖြစ်သူကို  ကြိုးတုတ်နေစဉ် နေအိမ်ထဲကို အမျိုးသားတစ်ဦးဝင်လာတာကြောင့် လက်နက်ကိုင်တွေက ပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသွားသူဟာ အိမ်ရှင်ထံကိုအလည်လာတဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

TNLA လက်နက်ကိုင်တွေရဲ့ ဓားပြတိုက်မှုကြောင့် တန်ဖိုးရှိအတွင်းပစ္စည်းအချို့နဲ့ ငွေကြေးတွေပါသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောဆိုထားပြီး  ပါသွားတဲ့ပစ္စည်း အရေအတွက်နဲ့ တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ၇ မိုင်ရွာက နေအိမ်တစ်ခုကို TNLA အဖွဲ့ဝင်တစ်ချို့က လက်ဝတ်ရတနာတချို့ကို ဓားပြတိုက် ယူဆောင်သွားပြီးနောက် TNLA အဖွဲ့ဝင်တစ်ချို့ကို ပြန်လည်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အလားတူပဲ ဒီဇင်ဘာ ၂၇ ရက်ကလဲ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ် တွေက ကျေးရွာတွေမှာ ဓားပြတိုကမှုတွေဖြစ်ပွားခဲ့တယ်လို့ ‌ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

#PAN 

Leave a Reply

Your email address will not be published. Required fields are marked *