ရွှေသောင်ယံမှာတိုက်ပွဲဖြစ်တယ်ဆို?
အေအေတွေ ရွှေသောင်ယံကိုရောက်တယ်ဆို?
ဧရာဝတီတိုင်းထဲကို ဝင်လာပြီဖြစ်တဲ့ အာရက္ခတပ်တော်ကြီးဆို? ဘယ်မတုန်းပြောတဲ့လူတွေ???
အမယ် ပို့စ်ဖျက်ပြေးတဲ့သူကပြေး၊ ခပ်တည်တည်နဲ့ ရုပ်တည်ကြီးနဲ့နေတဲ့သူကနေ ဟုတ်နေတာပဲ။ မလုပ်ကြပါနဲ့.. ပေါက်ကရတွေမရေးကြပါနဲ့.. ဧည့်မျှော်ပြီးနေကြတဲ့ ပြည်သူတွေသနားပါတယ်ဗျာ။ ခင်ဗျားတို့ အနီကြောင်တွေ ရခီးကြောင်တွေက ဝါဒဖြန့်ရေးကြတယ်ဆိုပေမယ့် လူ ၁၀ ယောက်ရှိရင် ၆ ယောက်က အလည်အပတ်မလည်ကြတော့ဘူးဗျ။
ဒေသခံတွေက ခင်ဗျားတို့လိုမျိုး ပြည်ပအထောက်အပံ့နဲ့နေကြတာ၊ စစ်ဘေးမရှိတဲ့ ရန်ကုန်လို မန္တလေးလို နေရာတွေမှာနေနေကြတာမဟုတ်ဘူးဗျ။ ကိုယ့်ဒေသကိုယ့်အိမ်လေးတွေမှာ ဒေသထွက်ပစ္စည်းလေးတွေကို ဧည့်သည်တွေကို ရောင်းချဖို့ စောင့်နေကြတဲ့ အပြစ်ကင်းတဲ့ အဖြူထည်ပြည်သူတွေပါ။ ခင်ဗျားတို့ ပေါက်ပန်းလေးဆယ် ရွှေသောင်ယံဘာဖြစ်ပြီ ညာဖြစ်ပြီဆိုပြီး လေထဲက လိုင်းပေါ်ကပြောလိုက်/ရေးလိုက်တဲ့ စကားတစ်ခွန်း ပို့စ်တပုဒ်က မိသားစုတော်တော်များများကို ဝင်ငွေချွေးနည်းစာလေးတွေကို ဆုံးရှုံးသွားစေပါတယ်။
နစကကတော့ ရှင်းတယ်။ ဘာမှမရှင်းဘူး သတင်းမထုတ်ဘူး။ Breaking news မထုတ်ပြန်ဘူး။ ဝန်ကြီးချုပ်ကြီး မားမားကြီးသွားရပ်ပြလိုက်တယ်(အဲ့မှာတစ်ကွက်) .. နစကအကွက်တွေကတော့ အားမလိုအားမရဖြစ်နေကြတာများပေမယ့် လုပ်ပြလိုက်ရင် လန်ထွက်နေတာပဲ။ လွိုင်ကော်ဖြစ်စဉ်၊ တောင်ခမ်းဖြစ်စဉ်၊ မတ္တရာဖြစ်စဉ်၊ ရှမ်းတောင်ဖြစ်စဉ်တွေမှာ ဘာမှမပြောဘဲ ပိဿလေးနဲ့ ဘေးပစ်သလိုလုပ်လုပ်ပြသွားတာ လက်တွေ့ပဲ။
ဆိုတော့ လေထဲကရွှေသောင်ယံလို့ပဲ အမည်ပေးလိုက်ပါတော့မယ်ဗျာ။
KT

