ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် မိုးများနိုင်ပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာနိုင်သဖြင့် အထူးသတိထားရန်လိုကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မနက်ဖြန် စက်တင်ဘာ(၉) ရက်နေ့နှင့် (၁၀)ရက်နေ့တိုတွင် မိုးအရမ်းများလာနိုင်
ကြောင်းနှင့် ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း(YAGI)၏ အပြင်ဘက် တိမ်တိုက်များမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းကို စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် တာချီလိတ်နှင့် ရှမ်းအရှေ့ဒေသများအတွင်း စက်တင်ဘာ (၁၀) ရက် နံနက် (၆) နာရီမှ (၁၂) ရက်နေ့နံနက် (၆) နာရီအထိ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ မိုးရေချိန်လက်မ (၄၂၅) မီလီမီတာ (၁၆) လက်မကျော်နိုင်ကြောင်းသိရပါတယ်။ #Crd




