အစ္စရေးနိုင်ငံသား ဂျူးလူမျိုး ၃၀ ကျော်အား သူလျှိုစွပ်စွဲချက်ဖြင့် အစ္စရေးအာဏာပိုင်များက ပြန်လည်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အဆိုပါ ဂျူးလူမျိုးများသည် အီရန်အတွက် သူလျှို ပြုလုပ်ပေးနေသည်ဟု စွပ်စွဲခံထားရပြီး ၁၀ စုနှစ်များအတွင်း အကြီးမားဆုံးသော စိမ့်ဝင်မှုဖြစ်ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြထားသည်။
အဆိုပါ စိမ့်ဝင်မှုကြောင့် နိုင်ငံအတွင်း ထိန့်လန့်သွားခဲ့ရပြီး ယခုကဲ့သို့ ကြိုးပမ်းမှုသည် အီရန်၏ ကြိုးပမ်းမှုဖြစ်ကြောင်း အစ္စရေးလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
အစ္စရေး၏ ဒေသတွင်း သတင်းများ၏ အဆိုအရ သူလျှိုများသည် အစ္စရေးသိပ္ပံပညာရှင်များနှင့် စစ်ဘက်အရာရှိဟောင်းများ စစ်ရေးဆိုင်ရာ အချက်အလက်များအား စုဆောင်းမှုများရှိခဲ့ကြောင်းသိရသည်။
Crd//pan