ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၏ မှတ်ပုံတင်လျှောက်ထားမှုကို UEC ငြင်းပယ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးရန် လျှောက်ထားလာသည့် ❛ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ❜၏ လျှောက်ထားချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လက်မခံ ငြင်းပယ်လိုက်ကြောင်း နိုဝင်ဘာလ ၂၈ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ယင်းပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ထို့ကြောင့်ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများပါ ပုံစံ (ဆ) ဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

CRD//

Leave a Reply

Your email address will not be published. Required fields are marked *