ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိ

အပိုင်း(၁)

အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးများမှာ AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားနေလို့ လူသစ်အဓမ္မ စုဆောင်းမှုများ ပြုလုပ်လျက်ရှိနေပါတယ်။

ယခင်က AA အဖွဲ့ထဲကို ရခိုင်လူငယ်များကိုသာ တပ်သားသစ်စုဆောင်းခဲ့ပေမယ့် ယခုအခါမှာ ရခိုင်လူငယ်များ ထိခိုက်ကျဆုံးများပြီး လူသစ်ဝင်ရောက်သူ နည်းပါးလာလို့ အရပ်သားခရီးသွားယာဉ်များကို တားဆီးပြီး လူမျိုးပေါင်းစုံကို အဓမ္မလူသစ် စုဆောင်းလျက်ရှိပါတယ်။ အထူးသဖြင့် ပလက်ဝဒေသ ချင်းလူမျိုးများကို တပ်သားစုဆောင်းနေပါတယ်။

ယခုလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအနက် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာအနီး ယာယီစစ်သင်တန်းကျောင်းနေရာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ AA တပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာလအတွင်း AA အမာခံ ၁၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို စစ်ကြောဖော်ထုတ်ချက်အရ သိရှိရတဲ့ AA တပ်ဖွဲ့အခြေပြုနေရာများကို လေကြောင်းကင်းထောက်နဲ့ အတည်ပြုပြီး MIG-29 လေယာဉ်များဖြင့် AA သင်တန်းကျောင်းနေရာများကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ယခုလအတွင်း AA တပ်ဖွဲ့များ ထိခိုက်ကျဆုံး များပြားရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၁ ၊ ၁၂ ၊ ၁၃ ရက်များမှာ အမ်းမြို့နယ် ၊ မီးလောင်ချောင်းရွာရှိ ကံ့ကော်တစ်ထောင် ဘုရားကုန်းတိုက်ပွဲမှာ AA တပ်ဖွဲ့ဝင် ၉၄ ယောက်ကျဆုံး၊ ၅၂ ယောက် ဒဏ်ရာရရှိပြီး အထိနာ ဆုတ်ခွာ သွားခဲ့ပါတယ်။

အဲ့ဒီကံကော်တစ်ထောင်တိုက်ပွဲမှာ ရန်သူ သာလွန်အင်အားကို ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်ပြီး လေကြောင်းပစ်ကူနဲ့ ရန်သူကို အထိနာအောင် တိုက်ပွဲဝင်ခဲ့တဲ့ အရာရှိ၊ စစ်သည်များကို စစ်မြေပြင်အဆင့်တိုး ရာထူးများ ပေးအပ်ခဲ့ပြီး ဒုချုပ်၊ ကစထမှူး၊ တိုင်းမှူး ချီးကျူးဂုဏ်ပြုလွှာများ ပေးပို့ခဲ့သလို စွမ်းရည်ဘွဲ့များ ပေးအပ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

နောက်ထပ်ထူးခြားတဲ့ တိုက်ပွဲကြီးကတော့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ ဖြစ်ပွားခဲ့တဲ့ မောင်တော၊ နခခ(၅) တပ်ဌာနချုပ်တိုက်ပွဲဖြစ်ပါတယ်။

အပိုင်း(၂) ဆက်လက်ဖော်ပြပေးသွားပါမည်။