ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖမ်းဝရမ်းထုတ်

ဒီနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အစုလိုက်ပြုံလိုက် သတ်ဖြတ်မှုတွေကို ဟာဆီနာက စေခိုင်းခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖမ်းဝရမ်းထုတ်လိုက်ပြီလို့သိရပါတယ်။

အိန္ဒိယကို ရောက်ရှိခိုလှုံနေတဲ့ ဟာဆီနာကတော့ သူမဘက်က အဲဒါမျိုးတွေမလုပ်ဆောင်ခဲ့ဘူးလို ငြင်းချက်ထုတ်ထားတယ်လို့လည်းသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်တော့ ဟာဆီနာကို တိုင်းပြည်တွင်းပြန်လာဖို့အတွက် အချိန် ၁ လ ပေးထားတယ်လို့လည်းသိရပါတယ်။ #Crd