နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာဇက်စတန်သမ္မတတွေ့ဆုံ

တွေ့ဆုံစဉ် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့‌ဆောင်ရေးကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့..

အဆွေတော်သည် ကာဇက်စတန်နိုင်ငံသို့ ပထမဦးဆုံး လာရောက်သည့် မြန်မာ နိုင်ငံမှခေါင်း ဆောင်တစ်ဦးဖြစ်၊ မိမိအနေဖြင့် မြန်မာနိုင်ငံ သမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပထဝီ ဝင်အနေအထားအရ အချက်အချာကျသည့် နေရာတွင်တည်ရှိနေသည်ကို လေ့လာသိရှိရ၊ မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် မိမိတို့ အနေဖြင့် အသင့်ရှိ..(ကာဇက်စတန်နိုင်ငံသမ္မတ)

ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိစဉ် အဆွေတော်တို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သာယာလှပမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိ၊ မိမိအနေဖြင့် နှစ်နိုင်ငံ အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်း အားတစ်ခုဖြစ်စေလိမ့်မည်ဟုယုံကြည်..(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ)

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *