ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေ ဖွံဖြိုးတိုး တက်ဖို့အတွက် ပူတာအိုဒေသမှာ လူဦးရေအချိုးအစားအရ ဒေသနဲ့ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်ပေးသွားပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ယင်း ဒီဂရီကောလိပ်၌ ဥပဒေနှင့် စီးပွားရေး…