၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းကို ဇူလိုင် ၂၇ ရက်၊ မနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်းသိရပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆို(၂၀၇,၈၉၈) ယောက်ရှိပြီး အောင်မြင်သူ (၉၉,၉၂၄) ယောက် ရှိ၍ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်းနှင့် အောင်ချက်အကောင်းဆုံး တိုင်း နဲ့ပြည်နယ်ကတော့ မွန်ပြည်နယ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ အများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးက ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး နဲ့ ကယားပြည်နယ်က ၅၁ ဒသမ ၅၂ ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ဖြစ်ကြောင်းလည်းသိရပါတယ်။ #crd

