ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်

ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေ ဖွံဖြိုးတိုး တက်ဖို့အတွက် ပူတာအိုဒေသမှာ လူဦးရေအချိုးအစားအရ ဒေသနဲ့ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်ပေးသွားပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ယင်း ဒီဂရီကောလိပ်၌ ဥပဒေနှင့် စီးပွားရေး ဘာသာ ရပ်များအပါအဝင် သင့်လျော်သည့်ဘာသာရပ်များဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးပါက ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်၍ ပူတာအိုဒေသ၌ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနကလိုအပ်သည်များကိုဆက်လက်ဆောင်ရွက်ရမည်ဟု ပြော သည်။

ထို့ပြင် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအရေးကြီး၍ အစိုးရအနေဖြင့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေးကို ဦးစားပေးဆောင် ရွက်နေရာ တိုင်းနှင့် ပြည်နယ်များအလိုက်လည်း အ လေးထားအားပေးဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *