ခွေးသေပုပ်ကို ခြေထောက်နဲ့မကန်မိစေနဲ့

ကိုယ်မှန်ရင် ကိုယ်ထင်ရာစိုင်းတတ်တဲ့ ငါမှန်ရင် ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ အကျင့်က မှန်သလား…?

ခွေးသေပုပ်ကို ခြေထောက်နဲ့ မကန်မိစေဖို့ ရှောင်ရသလို ကိုယ်တိုင်က ခွေးသေပုပ်မဖြစ်စေဖို့လည်း လိုပါတယ်

အမှိုက်ကန်နားနေရင်တော့ အမှိုက်စော်နံနေမှာပါပဲ…အမှိုက်ကန်ကို ရှောင်တတ်ရပါမယ်

အမှိုက်ဆိုတာကတော့ အမှိုက်ပုံမှာပဲရှိသလို အမှိုက်ပုံမှာဝဲနေတဲ့ ယင်နဲ့ လောက်တွေကတော့ အမှိုက်ပုံကို ပံ့ပိုးသူတွေပေါ့

တကယ်တော့ တန်ရာတန်ရာစုကြတာပါပဲ…

သူ့အိုးနဲ့သူဆန် တန်ပါတယ်…။ ကိုယ်နဲ့ အမြင်မတူ ကိုယ့်ကို ဘလိုင်းကြီးစွန့်ခွာသွားတဲ့ လူရှိရင် တာ့တာပြလိုက်ပါ။

ခွေးသေပုပ်ကို ခြေထောက်နဲ့ကန်မနေပါနဲ့။

ကိုယ်ကကောင်းရဲ့ နဲ့ ကိုယ့်ကို အမိုက်စော်ကားနေရင် ခွင့်လွှတ်လိုက်ပါ။ အမှိုက်ကတော့ အမှိုက်ပုံမှာရှိမှာပါပဲ။ အမှိုက်ပုံက နံစော်နေရင် ဘယ်သူကမှမကပ်ချင်ကြပါဘူး။ အမှိုက်က အမှိုက်တန်ဖိုးပဲရှိပါတယ်။ အမှိုက်ပုံနား ကောင်းလှပါချေရဲ့လို့ ကပ်နေသူတွေကလဲ ယင်နဲ့ လောက်တွေပဲမို့ ဘာမှကို အဖက်လုပ်စရာမရှိပါဘူး။

သူ့အိုးသူ့ဆန် တန်ရာနဲ့တန်ရာ စုကြပါစေတော့။