(၈၂) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုပြိုင်ပွဲ စာမူများ ဖိတ်ခေါ်ခြင်း

၁။       ၂၀၂၇ ခုနှစ်၊ (၈၂)နှစ်မြောက်  တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများဖိတ်ခေါ်အပ်ပါသည်။ ဆုရရှိသောဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်းများအား မြဝတီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ကဗျာနှင့်ဝတ္ထုများအား စာအုပ်အဖြစ် စီစဉ်ထုတ်ဝေသွားမည်ဖြစ်ပါသည်။

၂။       ပြိုင်ပွဲဝင်စာမူများတွင် ပါဝင်ရမည့်အချက်များ

(က)    မြန်မာနိုင်ငံဟူ၍ ဖြစ်တည်ပေါ်ပေါက်လာသည့်အချိန်မှစပြီး တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခဲ့သည့်အဖွဲ့အစည်းတစ်ရပ်အဖြစ် ခိုင်ခိုင်မာ မာရပ်တည်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက်တွင် အမျိုးသား ရေးကို မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့သည့်အပြင် စွန့်လွှတ်စွန့်စားခြင်း၊ အနစ် နာခံခြင်းများစွာဖြင့် ပြည်တွင်းပြည်ပရန်ဟူသမျှကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး ကာလများတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲတိုက်ပွဲဝင် ကာ မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်ခဲ့သည့်အ ကြောင်းများကို ထည့်သွင်းရေးသား၊ စပ်ဆိုဖွဲ့နွဲ့သီကုံးနိုင်သည်။

(ခ)      ထို့ပြင် တိုင်းပြည်တွင် အရေးကြုံအခက်အခဲပေါ်ပေါက်လာတိုင်း တည်ငြိမ်ဖြောင့် မတ်စွာသုံးသပ်လျက် ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ထားကာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့ကြောင်း၊ ပြည် ထောင်စုတိုင်းရင်းသားပေါင်းစုံဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော် ကြီးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တစ် တိုင်းပြည်လုံးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်ခေါင်းဆောင် အဆက် ဆက်တို့ကြိုးပမ်းဆောင်ရွက်ခဲ့၊ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု အ ကျိုးစီးပွားအတွက် အားချိန်နားချိန်မရှိဘဲ အချိန်ပြည့်တိုင်းပြည်တာဝန်ကို ကျေ ပွန်စွာထမ်းဆောင်လျက်ရှိကြောင်းများကိုလည်း ထည့်သွင်းရေးသားဖော်ကျူး နိုင်သည်။  

(ဂ)      အထက်ပါအချက်များထဲက အချက်တစ်ခုခုကိုဖြစ်စေ၊ အများအပြားကိုဖြစ်စေ ထည့်သွင်းဖွဲ့ဆိုရေးသားနိုင်သည်။

၃။       စစ်ချီသီချင်း၊ စစ်သည်တေးသီချင်းကဏ္ဍသတ်မှတ်ချက်များ

(က)    တပ်မတော်နှင့်သက်ဆိုင်ပြီး စိတ်ဓာတ်တက်ကြွဖွယ်စာသားများပါဝင်ရမည်။

(ခ)      တပ်မတော်၏ဂုဏ်ရည်၊ တပ်မတော်သားတို့၏ဘဝကို ထင်ဟပ်ဖော်ပြနိုင်စွမ်း 

ရှိရမည်။         

(ဂ)      တေးသီချင်းတစ်ပုဒ်ကြာမြင့်ချိန် ၃ မိနစ်ထက် မနည်း ၅ မိနစ်ထက် မများ 

ဖြစ်ရမည်။

(ဃ)    အသံသွင်းပြီး သီချင်းခွေနှင့်အတူ သီချင်းစာသား Note မိတ္တူ ၃ စုံပေးပို့ရမည်။

(င)      ပြိုင်ပွဲဝင်များအနေဖြင့် သံစုံတီးဝိုင်းဖြင့်တီးခတ်အသံသွင်းရန်အခက်အခဲရှိပါက

နီးစပ်ရာတိုင်းစစ်ဌာနချုပ်များရှိ စစ်တီးဝိုင်းများတွင်သွားရောက်တီးခတ်၍ အသံ သွင်းနိုင်သည်။

၄။       ကဗျာ(အလွတ်တန်း/ဝါသနာရှင်) စာမူကဏ္ဍသတ်မှတ်ချက်များ

(က)    မြန်မာဂန္ထဝင်ကဗျာရေးထုံးနှင့်ကိုက်ညီသည့်ကဗျာဖြစ်ရမည်။     

(ခ)      ကဗျာ(အလွတ်တန်း)တွင် ပါဒ ၃၀၀ မှ ၄၀၀ အတွင်း၊ ကဗျာ(ဝါသနာရှင်)တွင်ပါဒ ၂၅၀ မှ ၃၀၀ အတွင်း ပါဝင်ရမည်။ (လေးလုံးစပ်                                  ကဗျာတွင် စာလုံး လေးလုံးသည် တစ်ပါဒဖြစ်ပြီး အချိုးကဗျာတွင် စာကြောင်းတစ်ကြောင်းသည် တစ်ပါဒဖြစ်သည်။)

(ဂ)      ကဗျာတွင် မိမိယှဉ်ပြိုင်လိုသည့်အဆင့်ကို (အလွတ်တန်းအဆင့်)၊(ဝါသနာရှင် အဆင့်)ဟူ၍  သိသာစွာရေးသားဖော်ပြရမည်။

(ဃ)    ယှဉ်ပြိုင်သူတစ်ဦးတည်းက ကဗျာ(အလွတ်တန်းအဆင့်)နှင့် ကဗျာ(ဝါသနာရှင် အဆင့်)နှစ်မျိုးစလုံးတွင် တစ်ပြိုင်နက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။ 

(င)      အမျိုးသားစာပေဆု(ကဗျာ)၊ စာပေဗိမာန်စာမူဆု(ကဗျာ)၊ ပခုက္ကူဦးအုံးဖေစာပေ ဆု(ကဗျာ)ရရှိပြီးသူများ၊ ယခင်တပ်မတော်နေ့အထိမ်းအမှတ် စာမူပြိုင်ပွဲများတွင် ကဗျာ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိဖူးသူများအနေဖြင့် ကဗျာ(အလွတ်တန်း အဆင့်)တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။

၅။       ဝတ္ထုတို/ဝတ္ထုရှည် (အလွတ်တန်း/ဝါသနာရှင်) စာမူကဏ္ဍသတ်မှတ်ချက်များ

(က)    ဝတ္ထုတို၊ ဝတ္ထုရှည်အင်္ဂါရပ်များနှင့် ညီညွတ်ရမည်။

(ခ)      ရသမြောက်စွာရေးဖွဲ့ရမည်ဖြစ်ပြီး စကားပြေရေးဟန်နှင့် စကားပြောရေးဟန် ရောနှောရေးသားခြင်းမပြုရ။

(ဂ)      ဝတ္ထုတိုတွင် စာလုံးရေ ၆၀၀၀ မှ ၈၀၀၀ အကြားသတ်မှတ်သည်။ ဝတ္ထုရှည်တွင် စာလုံးရေ ၅၀၀၀၀ အောက်မနည်းစေရ၊ ၆၀၀၀၀ ထက်မများစေရ။

(ဃ)    ဝတ္ထုတို/ဝတ္ထုရှည်တွင် မိမိယှဉ်ပြိုင်လိုသည့်အဆင့်ကို (အလွတ်တန်းအဆင့်)၊ (ဝါသနာရှင်အဆင့်)ဟူ၍ သိသာစွာရေးသားဖော်ပြရမည်။

(င)      ယှဉ်ပြိုင်သူတစ်ဦးတည်းက ဝတ္ထုတို/ဝတ္ထုရှည် (အလွတ်တန်းအဆင့်)နှင့် (ဝါသ နာရှင်အဆင့်) နှစ်မျိုးစလုံးတွင် တစ်ပြိုင်နက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။ 

(စ)      အမျိုးသားစာပေဆု(ဝတ္ထုတို/ဝတ္ထုရှည်) စာပေဗိမာန်စာမူဆု(ဝတ္ထုတို/ဝတ္ထုရှည်)၊ ပခုက္ကူဦးအုံးဖေစာပေဆု(ဝတ္ထုတို/ဝတ္ထုရှည်)ရရှိပြီးသူများ၊ ယခင်တပ်မတော်နေ့ အထိမ်းအမှတ်စာမူပြိုင်ပွဲများတွင်  ဝတ္ထုတို/ဝတ္ထုရှည် (ပထမ၊  ဒုတိယ၊ တတိယ) ဆုရရှိဖူးသူများအနေဖြင့် ဝတ္ထုတို/ဝတ္ထုရှည် (အလွတ်တန်းအဆင့်) တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။

၆။       စာမူများကို A4 ဆိုဒ်တစ်မျိုးတည်းတွင် စာမျက်နှာတစ်ဖက်တည်း၌သာ ရှင်းလင်းပီသ သောလက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာစာလုံး (Pyidaungsu font စာလုံးအရွယ်အစား ၁၃) ဖြင့်ဖြစ်စေ ရေးသားရိုက်နှိပ်ပြီး ခိုင်ခံ့သေသပ်စွာချုပ်လုပ်၍ ၃ စုံစီပေးပို့ရမည်။

၇။       စာမူများတွင် ကိုယ်တိုင်ရေးသားကြောင်း၊ မည်သည့်စာနယ်ဇင်းတွင်မှ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိကြောင်းနှင့် မည်သည့်ပြိုင်ပွဲတွင်မှ ဆုရရှိဖူးခြင်းမရှိကြောင်းဝန်ခံချက်ပါရှိရမည်။

၈။       စာမူရှင်များ၏ နေရပ်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ထည့်သွင်း ဖော်ပြရမည်။

၉။       ဆုချီးမြှင့်ခြင်းခံရပါက ကိုယ်တိုင်တက်ရောက်ဆုယူနိုင်သူဖြစ်ကြောင်း ကတိပြုချက်ပါရှိ ရမည်။

၁၀။     စာမူများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးသို့ ပေးပို့ရ မည်။

၁၁။     စစ်ချီသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ

(က)    ပထမဆု         ၁,၀၀၀,၀၀၀    ကျပ်

(ခ)      ဒုတိယဆု        ၈၀၀,၀၀၀       ကျပ်

(ဂ)      တတိယဆု      ၇၀၀,၀၀၀       ကျပ်

(ဃ)    စတုတ္ထဆု        ၆၀၀,၀၀၀       ကျပ်

(င)      ပဉ္စမဆု           ၅၀၀,၀၀၀       ကျပ်

၁၂။     စစ်သည်တေးသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ

(က)    ပထမဆု         ၁,၀၀၀,၀၀၀    ကျပ်

(ခ)      ဒုတိယဆု        ၈၀၀,၀၀၀       ကျပ်

(ဂ)      တတိယဆု      ၇၀၀,၀၀၀       ကျပ်

(ဃ)    စတုတ္ထဆု        ၆၀၀,၀၀၀       ကျပ်

(င)      ပဉ္စမဆု           ၅၀၀,၀၀၀       ကျပ်

၁၃။     ကဗျာ(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ

(က)    ပထမဆု         ၅၀၀,၀၀၀       ကျပ်

(ခ)      ဒုတိယဆု        ၄၀၀,၀၀၀       ကျပ်

(ဂ)      တတိယဆု      ၃၀၀,၀၀၀       ကျပ်

(ဃ)    စတုတ္ထဆု        ၂၀၀,၀၀၀        ကျပ်

(င)      ပဉ္စမဆု           ၁၅၀,၀၀၀       ကျပ်    

(စ)      အထူးဆု (၁)    ၁၀၀,၀၀၀       ကျပ်

(ဆ)    အထူးဆု (၂)    ၁၀၀,၀၀၀       ကျပ်

(ဇ)      အထူးဆု (၃)    ၁၀၀,၀၀၀       ကျပ်

      ၁၄။     ကဗျာ(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ

          (က)    ပထမဆု         ၇၀၀,၀၀၀       ကျပ်

           (ခ)      ဒုတိယဆု        ၅၀၀,၀၀၀       ကျပ်

           (ဂ)      တတိယဆု      ၄၀၀,၀၀၀       ကျပ်

          (ဃ)    စတုတ္ထဆု        ၃၀၀,၀၀၀       ကျပ်

          (င)      ပဉ္စမဆု           ၂၀၀,၀၀၀        ကျပ်

        ၁၅။     ဝတ္ထုတို(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ

          (က)    ပထမဆု         ၅၀၀,၀၀၀       ကျပ်

          (ခ)      ဒုတိယဆု        ၄၀၀,၀၀၀       ကျပ်

          (ဂ)      တတိယဆု      ၃၀၀,၀၀၀       ကျပ်

          (ဃ)    စတုတ္ထဆု        ၂၀၀,၀၀၀        ကျပ်

          (င)      ပဉ္စမဆု           ၁၅၀,၀၀၀       ကျပ်

          (စ)      အထူးဆု (၁)    ၁၀၀,၀၀၀       ကျပ်

         (ဆ)    အထူးဆု (၂)    ၁၀၀,၀၀၀       ကျပ်

         (ဇ)      အထူးဆု (၃)    ၁၀၀,၀၀၀       ကျပ်

 ၁၆။     ဝတ္ထုတို(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ

       (က)    ပထမဆု         ၇၀၀,၀၀၀       ကျပ်

        (ခ)      ဒုတိယဆု        ၅၀၀,၀၀၀       ကျပ်

        (ဂ)      တတိယဆု      ၄၀၀,၀၀၀       ကျပ်

        (ဃ)    စတုတ္ထဆု        ၃၀၀,၀၀၀       ကျပ်

        (င)      ပဉ္စမဆု           ၂၀၀,၀၀၀        ကျပ်

၁၇။     ဝတ္ထုရှည်(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ

        (က)    ပထမဆု         ၇၀၀,၀၀၀       ကျပ်

        (ခ)      ဒုတိယဆု        ၆၀၀,၀၀၀       ကျပ်

        (ဂ)      တတိယဆု      ၅၀၀,၀၀၀       ကျပ်

        (ဃ)    စတုတ္ထဆု        ၄၀၀,၀၀၀       ကျပ်

        (င)      ပဉ္စမဆု           ၃၀၀,၀၀၀       ကျပ်

        (စ)      အထူးဆု (၁)    ၂၀၀,၀၀၀        ကျပ်

        (ဆ)    အထူးဆု (၂)    ၂၀၀,၀၀၀        ကျပ်

        (ဇ)      အထူးဆု (၃)    ၂၀၀,၀၀၀        ကျပ်

၁၈။     ဝတ္ထုရှည်(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ

        (က)    ပထမဆု         ၁,၀၀၀,၀၀၀    ကျပ်

        (ခ)      ဒုတိယဆု        ၇၀၀,၀၀၀       ကျပ်

        (ဂ)      တတိယဆု      ၆၀၀,၀၀၀       ကျပ်

        (ဃ)    စတုတ္ထဆု        ၅၀၀,၀၀၀       ကျပ်

(င)      ပဉ္စမဆု           ၄၀၀,၀၀၀       ကျပ်

၁၉။     ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ

Leave a Reply

Your email address will not be published. Required fields are marked *