တရုတ် J-36 တိုက်လေယာဉ်အတွက် စွမ်းအင်မြင့်လေဆာလက်နက်

တရုတ်နိုင်ငံက တည်ဆောက်နေဆဲဖြစ်တဲ့ ဆဋ္ဌမမျိုးဆက် J-36 တိုက်လေယာဉ်မှာ စွမ်းအင်မြင့် လေဆာလက်နက်စနစ်အသုံးပြုနိုင်မယ့် အရိပ်အယောင်တစ်ရပ်ကို ပြသလိုက်ပါတယ်။ ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ China International Defence Electronics Exhibition မှာ AVIC ရဲ့ သုတေသနဌာနက တိုက်လေယာဉ်သုံး လေဆာလက်နက်ခြေရာခံနဲ့ချိန်ရွယ်စနစ်ကို ပြသခဲ့တာပါ။

သုတေသနဌာနကပြသထားတဲ့စနစ်ဟာ အလေးချိန် ၃၈၀ ကီလိုဂရမ်အောက်ရှိပြီး စွမ်းအင်ထုတ် လွှတ်မှုကို “*00kW” လို့ ဖော်ပြထားတာကြောင့် အနည်းဆုံး ၁၀၀ ကီလိုဝပ်အထက်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့တိကျတဲ့ စွမ်းဆောင်ရည်နဲ့ချိန်ရွယ်တိကျမှုဆိုင်ရာ အချက်အလက်အချို့ကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အခုပြသသွားတဲ့အထဲမှာမှ  J-36 လို့ အများကခေါ်ဝေါ်ထားတဲ့ လေယာဉ်ပုံနဲ့ လေဆာလက်နက် စနစ်ကို တွဲဖက်ဖော်ပြထားပါတယ်။ အဲဒီလေဆာစနစ်ဟာ လာမယ့် J-36 မျိုးဆက်တွေမှာ ဒုံးကျည် တိုက်ခိုက်မှုကနေ လေယာဉ်ကိုကာကွယ်ပေးနိုင်တဲ့ စနစ်တစ်ခုအဖြစ်အသုံးပြုဖို့ ရည်ရွယ်ထားနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ J-36 ပေါ် တကယ်တပ်ဆင်အသုံးပြုနေပြီဆိုတဲ့ အတည်ပြုချက်မရှိသေးဘူးလို့ လေ့လာသူများကသုံးသပ်ထားတာတွေ့ရပါတယ်။  Ref: IE ကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *