သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို၁၀၇မမရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ဖို့ စီစဉ်ထားသူကိုးဦးဖမ်းဆီးရမိထားကြောင်းဇွန်၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းလိုင်းခန်းအဟောင်းထဲခိုအောင်းနေ တဲ့NUGလက်အောက်ခံရန်ကုန်UG (၇)ဦးကို ၁ဝ၇ မမရှော့တိုက်ဒုံးနှစ်လုံး၊လက်ပစ်ဗုံးနှစ်လုံး၊ဘတ္ထရီအိုး နှစ်လုံး၊ဖြူးစ်နှစ်ခု၊ဝါယာကြိုးခွေ လေးခွေ၊ဆက်စပ်ပစ္စည်းတွေနဲ့ အတူဇွန်၈ရက်နေ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ရှော့တိုက်ဒုံးပစ်ခတ်ရာမှာပူးပေါင်းပါဝင်သူနှစ်ဦးကိုဇွန်၉ရက်နေ့မနက်မှာ၁၀၇ မမရှော့တိုက်ဒုံးတစ်လုံး၊ဖြူးစ်တစ်ခုတို့နဲ့ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ရှော့တိုက်ဒုံးချိန်ရွယ်နည်းနဲ့ပစ်ခတ်နည်းကိုBrigate Drone Force […]