ခိုင်မာသောမိတ်ဖက်နိုင်ငံများဖြစ်တဲ့တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာနိုဝင်ဘာလ ၂၅ ရက်မှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာပါဝင်တဲ့ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ဆောင်ရွက်တယ်လို့သိရပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဆောင်ရွက်ခဲ့ဖူးသမျှသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ကမ္ဘောဒီးယားဘက်ကပြောပါတယ်။ ဒါ့အပြင် စစ်သည်အင်အား ၃၀၀၀ နီးပါး ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ယခုဆောင်ရွက်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရွှေနဂါးလို့အမည်ပေးထားပြီးဒီအကြိမ်က ရှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပင်လယ်ဓားပြမှုများကို တားဆီးနှိမ်နင်းရေးတို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။…