KNLA တပ်မဟာ(၁)ကအဖွဲ့တွေ လက်နက်ချပြီး စတင်အလင်းဝင်ရောက်ပြီ

မွန်-ကရင်နယ်မြေ အစပ်က KNLA တပ်မဟာ(၁)အဖွဲတွေ ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ လက်နက် ချပြီး စတင်အလင်းဝင်ရောက်လာကြပါပြီ။
 
ယခု လက်နက်ချ အလင်းဝင်ရောက်လာသူတွေကတော့ KNLA တပ်မဟာ(၁)အဖွဲ့ ၊တပ်ရင်း(၁)၊ ခွဲ(၁)မှ ခွဲမှူးအဆင့်ရှိသူ ရဲမင်းပိုင်(ခ)ရဲလင်းပိုင်(ခ)ပုလိဦးစီး အပါအဝင် KNLA အဖွဲဝင် ၅ ဦး၊ လက်နက် ၅လက်၊ခဲယမ်းဆက်စပ်များနှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
 
KNLA တပ်မဟာအတွင်းမှာလည်း ခေါင်းဆောင်ပိုင်းတွေ သူတိုရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ အမြဲ ကြည့် နေမှုတွေ၊ လက်အောက်ကို မတရားခိုင်းစေမှုတွေ၊ ငယ်သားတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျှူရှုမှုတွေ၊ စစ်ဆင်ရေး တွေမှာ ထိုးကျွေးပြီး အသေခံခိုင်းတဲ့လုပ်ရပ်တွေများ နေတာ ကြောင့်  လက်အောက်ကအဆင့်တွေ ယခုလို အလင်းဝင်ရောက်လာခဲခြင်းဖြစ်တယ်လို့ သိရပါ တယ်။
 
ဒါ့အပြင် စစ်ဆင်ရေးနယ်မြေမှာ စစ်တပ်ရဲ့ဒရုန်းစစ်ဆင်မှုတွေ၊ ကင်းထောက်မှုတွေက တစ်နေ့ တစ်မျိုး ဗျူဟာမြောက် တိုက်စစ်ဆင်ခြင်းကိုခံနေရတာကြောင့် တပ်မဟာအဖွဲအစည်း အတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကျဆင်းနေရတယ်လို အလင်းဝင်ရောက်လာတဲ့ ခွဲမှူးက ဆိုထားပါတယ်။
 
KNLA တပ်မဟာ(၁)အဖွဲအစည်းအတွင်းကနေ တပ်မတော်ဘက်ကို ယခုလို လက်နက်ချ အလင်းဝင် လိုက်တာ အနာဂတ်အတွက်အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်းလည်း အလင်းဝင်သူ ခွဲမှူး ရဲမင်းပိုင်က ပြောဆိုထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *