ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ကမ္ဘာ့ရွက်လှေပြိုင်ပွဲ SSL Gold Cup ၏ ၃၂ သင်းအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ကျင်းပခဲ့ရာ မြန်မာရွက်လှေအသင်းသည် ၁၆ သင်းအဆင့်သို တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၏ ၁၆ သင်းအဆင့်သို အုပ်စု (A) မှ ပေါ်တူဂီနှင့် ယူကရိန်း၊ အုပ်စု (B) မှ လစ်သူရေးနီးယားနှင့် တဟီတီ၊ အုပ်စု (C) မှ အက်စတိုးနီးယားနှင့် မလေးရှား၊ အုပ်စု (D) မှ ဥရုဂွေးနှင့် မြန်မာအသင်းတို အသီးသီးတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအဆင့် ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်ရာတွင် အုပ်စုနောက်ဆုံးပွဲစဉ်၌ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု SSL ရွက်လှေအသင်း(SSL Team Myanmar)၏ စွမ်းဆောင်ရည်မှာ မြန်မာ့အားကစားအတွက် ဂုဏ်ယူဖွယ်ရလဒ်တစ်ခုဖြစ်ခဲ့သည်။




