ကမ္ဘာ့အကြီးဆုံးမောင်းသူမဲ့ ကုန်တင်လေယာဉ်ဖြစ်တဲ့ W5000ဟာ အခုဆိုရင် နည်းပညာပိုင်းဆိုင်ရာအတည်ပြုစမ်းသပ်မှုကို အောင်မြင်သွားပြီဖြစ်ပါတယ်။စမ်းသပ်မှုကိုတော့ တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုလီးယားဒေသမှာ လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလေယာဉ်ကိုထုတ်လုပ်ထားတာက တရုတ်လေကြောင်းနည်းပညာကုမ္ပဏီဖြစ်တဲ့ Air White Whale ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်က ကုန်စည်အလေးချိန် ၅ တန်တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၆၀၀ကျော်ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ဝန်တင်နိုင်တဲ့အကျယ်အဝန်းက ၆၅ ကုဗမီတာအထိရှိပါတယ်။
W5000 ဟာတကယ့်ကိုမောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။ သူ့ကိုမြေပြင်ကနေသာထိန်းချုပ်နေတာဖြစ်ပြီး အခုလိုမျိုးစမ်းသပ်မှုအောင်မြင်ခဲ့တာဟာ ထူးခြားတဲ့အင်ဂျင်နီယာစိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နောက်ဆုံးလုပ်ခဲ့တဲ့စမ်းသပ်မှုမှာ W5000 က မီတာ ၆၀၀ အရှည်ရှိတဲ့ပြေးလမ်းပေါ်မှာအရှိန်ယူပြီးနောက် မီတာ ၂၀၀၀ အမြင့်သို့ပျံတက်ကာ လေထဲမှာမိနစ် ၃၀ ကြာပျံသန်းခဲ့ပါတယ်။ ပြီးနောက်မြေပြင်သို့ ဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။
ဒီလိုပျံသန်းနေစဉ်တစ်လျှောက်လုံးမှာ လေယာဉ်ဟာနည်းပညာပိုင်းဆိုင်ရာစမ်းသပ်မှုများစွာကိုလုပ်ဆောင်ခဲ့ပါတယ်။ ဒီလေယာဉ်ကို ပြည်တွင်းဖြစ်အစိတ်အပိုင်းများနဲ့သာတည်ဆောက်ထားတာဖြစ်ပြီး အင်ဂျင်ကိုလည်းပြည်တွင်းဖြစ်အင်ဂျင်ကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။ Ref: IEကိုထက်


