တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်းအများပြည်သူများအဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်ရေးမြို့ကြီးများတွင်ဆီတင်ယာဉ်များအား အရန်သင့်ထားရှိ

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ် ရက်ရှည်ကာလအတွင်း ခရီးသွား လာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး- မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့်စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့်စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် စက်သုံးဆီတင်ယာဉ်များဖြင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များ တွင် စက်သုံးဆီများပုံမှန်ဖြည့်တင်းထားရှိပြီးဖြစ်သည့်အပြင် အရန်ဆီများ ကြိုတင်ထားရှိစီမံဆောင်ရွက်ထားရှိပြီးဖြစ်သည်။

အများပြည်သူတို့အနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့်ခရီးလမ်းတစ်လျှောက်တွင် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မြဝတီ

Leave a Reply

Your email address will not be published. Required fields are marked *