နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက သီရိလင်္ကာနိုင်ငံရှိ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ခံစားခဲ့ရတဲ့ပြည်သူများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်း ၂၆ မျိုး(တန်ချိန် ၆ ဒသမ ၉၃၈ တန်)၊ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်တဲ့ သွားတိုက်ဆေးဘူး ၅ သောင်းနဲ့ သွားတိုက်တံ ၅ ထောင်(တန်ချိန် ၂ ဒသမ ၂၆၂ တန်)တို့ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သီရိလင်္ကာနိုင်ငံကို ပို့ဆောင်လှူဒါန်းခဲ့ပါတယ်…
ဒါ့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၅၀၀ တို့ကိုလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်…
တိုက်ပွဲသတင်းစုံ








