ဘယ်လိုနေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် အနံ့အသက်မကောင်းတဲ့အခါ နေရထိုင်ရတာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်ထဲ နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများပါပဲ။
မိသားစုစားဖို့သောက်ဖို့အတွက် မဖြစ်မနေ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ရပါမယ်ဆိုကာမှ အထားအသိုမှားလို့ဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးကြောင့် တစ်နေရာရာက အနံ့ဆိုးထွက်နေပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။
ဒါကြောင့် ကိုယ်နေ့တိုင်းဝင်နေရတဲ့ မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေ မရှိရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို သိထားသင့်ပါတယ်။
အိပ်ခန်းတံခါးတွေ ပိတ်ပါ
အနံ့စူးရှတဲ့ ဟင်းနံ့တွေ လျှော့ချဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုက အနံ့အသက်တွေကို အိပ်ခန်းတွေထဲ မဝင်ရောက်စေဖို့ပဲ ဖြစ်ပါတယ်။ အချက်အပြုတ်မစခင် အိပ်ခန်းတံခါးနဲ့ အဝတ်ဗီရိုတွေ ပိတ်ထားတာက ငါးကြော်ညှော်နံ့စတဲ့ အနံ့အသက်တွေ အိပ်ခန်းအတွင်း မစွဲကျန်အောင် လုပ်ပေးပါလိမ့်မယ်။
သေချာဆေးကြော သန့်စင်ပါ
မနက်စောစောစီးစီးဆီတွေ ပေကျံနေတဲ့ အိုးခွက်ပန်းကန်အပြည့်နဲ့ ပန်းကန်ဆေးကန်မှာ တွေ့ရတာထက်ဆိုးတာ မရှိပါဘူး။ အိုးခွက်ပန်းကန်အားလုံးကို အသုံးပြုပြီးတာနဲ့ ဆေးကြောသန့်စင်ပါ။ အဲ့ဒါက ဆီနံ့ဆိုးတွေ လျော့နည်းသက်သာစေပါလိမ့်မယ်။
အမှိုက်အိတ်အစို၊ အခြောက် ခွဲထားပါ
သည်နည်းက ဆိုးညစ်တဲ့ အနံ့အသက် ကင်းရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ငါး၊ဟင်းသီးဟင်းရွက် သို့မဟုတ် ပုပ်သိုးတတ်တဲ့ ပစ္စည်းတွေအတွက် အမှိုက်အိတ် သတ်သတ်ခွဲသုံးပါ။
ရှာလကာရည်
သူက အံ့မခန်းဖွယ် အလုပ်ဖြစ်ပါတယ်။ ရှာလကာရည် baking soda ကို ပန်းကန်တစ်ခုထဲ လောင်းထည့်ပြီး မီးဖိုချောင် အုတ်ခုံပေါ် တစ်ညထားပါ။ ရှာလကာရည်တွေက အနံ့အသက်တွေကို စုပ်ယူပေးပါတယ်။
လိမ္မော်
မီးဖိုချောင်ထဲမှာ ဟင်းချက်ပါတယ်ဆိုမှတော့ ထမင်းဟင်းအနံ့တွေ သင်းနေတာက လူအများစုအတွက်တော့ ပြဿနာမဟုတ်ပေမယ့် တချို့သူတွေအတွက်ကတော့ စိတ်အနှောင့်ယှက် ဖြစ်စရာပါ။ ဟင်းချက်ပြီးလို့ မီးဖိုချောင်ထဲမှာ အနံ့တွေစွဲကျန်မနေအောင် လိမ္မော်ခွံတွေကို အပူငွေ့ငွေ့လေးကျန်နေတဲ့ မီးဖိုပေါ်တင်ထားပေးလိုက်ပါ။ လိမ္မော်နံ့လေး သင်းပျံ့နေပါလိမ့်မယ်။
မုန့်ဖုတ်ဆော်ဒါ
ကော်ဘူးတွေထဲမှာ ဟင်းတွေထည့်ပြီးလို့ ဘယ်လောက်ပဲပြန်ဆေးဆေး အနံ့တွေပျောက်မသွားဘူးဆိုရင် ကော်ဘူးထဲကို ရေနွေးထည့်ပြီး မုန့်ဖုတ်ဆိုဒါ သုံးဇွန်းလောက်ထည့်ပေးလိုက်ပါ။ တစ်ညထားပေးလိုက်ပြီးတော့ နောက်တစ်နေ့မနက်မှာ ဆေးကြောပေးလိုက်ပါ။ အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။
ဟင်းရွက်ပန်းကန်တွေဆေးကြောတဲ့ ဖော့တုံးတွေလည်း အနံ့အသက်မကောင်းတော့ဘူးဆိုပါက မုန့်ဖုတ်ဆိုဒါ စားပွဲတင် ၁ဇွန်း ထည့်ထားတဲ့ ရေနွေးနွေးထဲမှာ တစ်ညစိမ်ထားလိုက်ပါ။ စွဲနေသမျှ အနံ့တွေ အားလုံးကို စုပ်ယူသွားပါလိမ့်မယ်။
မီးကင်ထားသည့်ပေါင်မုန့်
အခြားမီးဖိုချောင်သုံးပစ္စည်းတွေ မဆိုထားနဲ့ သခွားခြစ်၊ အုန်းခြစ် စတဲ့ ခြစ်တောင်မှ အနံ့ဆိုးထွက်နေတယ်ဆိုပါက မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ် နှစ်ချပ်လောက်ယူပြီး ခြစ်နဲ့ ခြစ်လိုက်ပါ။
သံယိုသီး
စဥ့်နီတုံးတွေဟာ သုံးစွဲရလွယ်ကူသလောက် အနံ့တွေစွဲထာလည်း လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မီးဖိုချောင်ထဲက ဦးစွာအနေနဲ့ ဆပ်ပြာရည်လေးဝေ့နေတဲ့ ရေနွေးနွေးလေးနဲ့အရင် ဆေးပေးလိုက်ပါ။ ထို့နောက် သံပယိုသီး(လီမွန်)ကို အလယ်ကထက်ခြမ်းခြမ်းကာ စဥ့်နီတုံးမှာ လိုက်ပွတ်ပေးလိုက်ပါ။
