အမေရိကန်နိုင်ငံအနေဖြင့် အီရန်၏တရားဝင်တောင်းဆိုချက်များကို လက်ခံဆောင်ရွက်ပါက ဟော်မုရေလက်ကြားကို နှစ်ရက်အတွင်း ပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘာဂါအီက နိုဝင်ဘာလ ၂ ရက်တွင် ပြောသည်။
အီရန်နှင့် အမေရိကန်တို့ကြား ကြားဝင်စေ့စပ်သူများမှတစ်ဆင့် သွယ်ဝိုက်ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အခြေခံအဖြစ် အီရန်က စက်တင်ဘာလတွင် အဆိုပြုခဲ့သည့် ခုနစ်ရက်စီမံချက်ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း တီဟီရန်မြို့၌ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
အီရန်၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးပါက ဟော်မုရေလက်ကြားလုံခြုံရေးပြန်လည်ထူထောင်ရေးနှင့် ဆွေးနွေးပွဲများစတင်ရေးကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဘာဂါအီက ပြောသည်။ အမေရိကန်က အီရန်အပေါ်ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုကို ရပ်တန့်ပြီး အီရန်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်းမရှိပါက သဘောတူညီချက်ရမည်မဟုတ်သကဲ့သို့ ဟော်မုရေလက်ကြားကိုလည်း ပြန်ဖွင့်လှစ်၍ လုံခြုံရေးအာမခံနိုင်မည်မဟုတ်ကြောင်း ၎င်းကသတိပေးထားသည်။ Ref: Xinhua
