နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီမိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)နှင့် စစ်မှုထမ်းကာလလျှော့ပေါ့ခွင့်ရသည့် နိုင်ငံ့သားကောင်းရတနာပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေသည်။ ၎င်းတို့၏ တာဝန်ကျေပွန်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်ကချီးမြှင့်အပ်နှင်းသော ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် အောက်တိုဘာ ၃၀ ရက်တွင် ဂုဏ်ပြုအခမ်းအနားများဖြင့်ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့…