ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံရုံးရှိ ဝန်ထမ်းများနှင့်မိသားစုများ၊ ပညာတော်သင်သင်တန်းသားများအား ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိတည်းခိုရာဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား သည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်တာဝန်ရှိသူများ၊ သံရုံးမိသားစုများ၊ သင်တန်းသားများတက်ရောက်ကြသည်။ ဦးစွာ စစ်သံရုံးဝန်ထမ်းများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်၍ သံရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုကာကွယ်ရမည်ဟူသော အသိစိတ်၊…