အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒါန်ဥပုသ်လအတွင်း လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများအား ဖမ်းဆီးနေကြောင်းသိရသည်။
ရာမာဒါန်ဥပုသ်လ ပထမလဝက်အတွင်း တောင်းရမ်းစားသောက်သူ ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
တောင်းရမ်းစားသောက်သူများသည် ဝင်ငွေအများအပြားရနေပြီး လူစည်ကားရာလမ်းမများတွင် ဆုတောင်းသူများအတွက် ရှုပ်ထွေးစေသောကြောင့် ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်းသိရသည်။
တောင်းရမ်းသူများသည် တစ်ရက်လျင် အမေရိကန် ဒေါ်လာတစ်ထောင်ကျော်ခန့်ရရှိနေပြီး ရက်အနည်းအငယ် တောင်းရမ်းပါက မြန်မာငွေ သိန်းရာနှင့်ချီ ရရှိကြောင်းသိရသည်။
