ငါးအရိုးစူးခဲ့ရင်လည်း သိပ်ပြီးစိုးရိမ် သောကပွားစရာ မလိုပါဘူး။ စနစ်တကျဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အောက်မှာတစ်ခုချင်းစီ တင်ပြပေးသွားပါမယ်။ (၁) သံလွင်ဆီ (Olive oil) ဟင်းချက်တဲ့အခါ သုံးလေ့ရှိတဲ့ Olive oil တစ်ဇွန်းနှစ်ဇွန်းလောက်ကို သောက်သုံးပေးတာကလည်း ငါးအရိုးစူးတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ချောဆီသဘောမျိုးဖြစ်တဲ့အတွက် ကပ်နေတဲ့ငါးအရိုးကို လွယ်လွယ်ကူကူနဲ့ အစာအိမ်ထဲရောက်အောင် Olive oil က စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။. (၂) ချောင်းဆိုးဟပ်ထုတ်ခြင်း…