နိုဝင်ဘာ ၁ ရက်တွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းရှိ လူနေရပ်ကွက်တစ်ခုအတွင်း လူကိုးဦးလိုက်ပါလာသည့် ဂျက်လေယာဉ်တစ်စင်း အရှိန်ဖြင့်ထိုးဆင်းကာ ပေါက်ကွဲလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း အမေရိကန်ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက ပြောကြားသည်။ လေယာဉ်သည် လူသွားလူလာများသည့် လမ်းမကြီးအနီးရှိ နေအိမ်များကို ကပ်လျက်ဖြတ်သန်းကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး မြေပြင်ပေါ်တွင် လူထိခိုက်ဒဏ်ရာရမှု ၊ သေဆုံးမှု ရှိ မရှိကို မသိရသေးပေ။…