ရုရှားထိပ်တန်း UFC ဖိုက်တာတစ်ဦးဖြစ်သည့် မာခါချက်ဗ်က ချန်ပီယံစိန်ခေါ်ပွဲတစ်ပွဲ ယှဉ်ပြိုင်ပြီးလျှင် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှ အပြီးတိုင်အနားယူမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
မာခါချက်ဗ်သည် UFC ကမ္ဘာ့လိုက်ဖ်ဝိတ်တန်းချန်ပီယံဟောင်းတစ်ဦးဖြစ်သည့်အပြင် လက်ရှိတွင်လည်း UFC ကမ္ဘာ့ဝယ်လ်တာဝိတ်တန်းချန်ပီယံအဖြစ်လည်း ရပ်တည်လျက်ရှိသူဖြစ်သည်။
မာခါချက်ဗ်က “လာမယ့်ပွဲစဉ်က ကျွန်တော့်ဖိုက်တာဘဝနောက်ဆုံးပွဲစဉ်ပါ။ နောက်တစ်ပွဲယှဉ်ပြိုင်ပြီးရင် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝကနေ အပြီးတိုင်အနား ယူမှာပါ။ လက်ရှိ UFC ကမ္ဘာ့ဝယ်လ်တာဝိတ်တန်းမှာ ပရာတက်ဖ်က အန္တရာယ်များ တဲ့ ဖိုက်တာတစ်ဦးပါ။ ပြီးရင် မိုရာလက်ကလည်း ကျွန်တော့်ထက်ကောင်းတဲ့ဖိုက်တာ တစ်ဦးလို့ လူတွေပြောကြတာကြားပါတယ်။ ကျွန်တော် သူတို့နှစ်ယောက်ထဲက အနိုင်ရရှိတဲ့သူနဲ့နောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်ပြီး ဖိုက်တာဘဝကနေ အနားယူမှာပါ။ UFC ကမ္ဘာ့ဝယ်လ်တာဝိတ်တန်းမှာ ဘယ်သူကအကောင်းဆုံးလဲဆိုတာကို သက်သေပြပြီး အနားယူချင်ပါတယ်”ဟု ပြောသည်။
မာခါချက်ဗ်သည် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝတွင် ၂၉ ပွဲနိုင်၊ တစ်ပွဲရှုံးမှတ်တမ်း ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး UFC ပြိုင်ပွဲများတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၁၇ ပွဲဆက် နိုင်ပွဲရယူထားနိုင်သူဖြစ်ကြောင်း သိရသည်။ Ref;MMATales
