တရုတ်နိုင်ငံဟာ လေယာဉ်ပစ်လွှတ်စနစ်တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောအဖြစ် ဖော်ပြခံထားရတဲ့ Type 076 Sichuan ပေါ်ကနေ ကိုယ်ပျောက်တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ပထမဆုံးအကြိမ်ပစ်လွှတ်ခြင်းနဲ့ ပျံတက်ဆင်းသက်မှုကိုစမ်းသပ်နိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ တရုတ်ရေတပ်ရဲ့ မောင်းသူမဲ့လေကြောင်းစစ်ဆင်ရေးစွမ်းရည်တိုးတက်လာမှုကို ပြသတဲ့အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
GJ-21 အမျိုးအစား ကိုယ်ပျောက်ကင်းထောက်နဲ့ တိုက်ခိုက်ရေးဒရုန်းဟာ Sichuan သင်္ဘောပေါ်ကနေ ပျံတက်ခြင်းနဲ့ ပြန်လည်ဆင်းသက်ခြင်းတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို တရုတ်နိုင်ငံပိုင်သတင်းဌာနကလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။
Sichuan သင်္ဘောမှာ လျှပ်စစ်သံလိုက်စွမ်းအင်အသုံးပြု လေယာဉ်ပစ်လွှတ်စနစ် (EMALS) နဲ့ ပြန်ဆင်းလာတဲ့ လေယာဉ်ကို ကြိုးဖြင့်ဖမ်းယူရပ်တန့်ပေးတဲ့ စနစ်တို့ တပ်ဆင်ထားပါတယ်။ အဲဒီနည်းပညာတွေကြောင့် သမားရိုးကျကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးသင်္ဘောတွေမှာ အသုံးပြုရခက်ခဲတဲ့ ပုံသေတောင်ပံတပ် မောင်းသူမဲ့လေယာဉ်တွေကိုပါ ပင်လယ်ပြင်ကနေ တိုက်ရိုက်အသုံးပြုနိုင်လာပါတယ်။ တန်ချိန် ၄၀၀၀၀ ကျော်ရှိတဲ့ Sichuan ဟာ အလျား မီတာ ၂၅၀ ခန့်ရှိတဲ့ ပျံသန်းရေးကုန်းပတ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီသင်္ဘောဟာ မူလက တပ်ဖွဲ့ဝင်တွေနဲ့တိုက်ခိုက်ရေးပစ္စည်းတွေ သယ်ဆောင်ဖို့ရည်ရွယ်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။ Ref:IEကိုထက်
