နွားချေးဆိုတာ လယ်သမားကြီးများအတွက် သီးနှံတွေ အထွက်တိုးဖို့ အနီးကပ်ဆုံး၊ အလွယ်ကူဆုံး၊ တန်ဖိုးအရှိဆုံး ရနိုင်တဲ့သဘာ၀မြေဆွေးပဲဗျာ။ ဘယ်မှာမှ သွားရှာစရာမလိုဘူး။ ကိုယ့်အိမ်ဘေးမှာ ကိုယ်မွေးထားတဲ့ ကျေးဇူးရှင်နွားကြီးတွေက နေ့စဉ်ထုတ်ပေးနေတာဗျာ။ ကိုယ်က အလေးမထားဘူး။ စနစ်တကျ မသိုလှောင်ဘူး။ အကျိုးရှိရှိ မသုံးစွဲဘူးဆိုရင် “ပေးကားပေး၏ မရ” ဆိုသလို နှမြောစရာပဲဗျာ။ ပြောရရင် နွားချေးက အာဟာရတန်ဖိုးအပြည့် ပါဝင်တာဗျ။ အထင်သေးလို့မရဘူး။ နိုက်ထရိုဂျင်ဓာတ်…